
QGIS ဖြင့် လက်တွေ့ GIS မြေပုံရေးဆွဲနည်း စာအုပ်သည် ခေတ်သစ်ဒေတာခွဲခြမ်းစိတ်ဖြာမှုနှင့် Spatial Data Analysis နယ်ပယ်တွင် မရှိမဖြစ်အရေးပါလာသည့် Geographic Information System (GIS) နည်းပညာကို အခြေခံမှစတင်၍ လက်တွေ့အသုံးချနိုင်သည့်အဆင့်အထိ စနစ်တကျ လေ့လာနိုင်ရန် ရေးသားပြုစုထားသော စာအုပ်ဖြစ်ပါသည်။
QGIS (Quantum GIS) သည် အခမဲ့အသုံးပြုနိုင်သော Open-Source GIS Software တစ်ခုဖြစ်ပြီး GIS နည်းပညာကို လေ့လာအသုံးချလိုသူများအတွက် အလွန်သင့်တော်သော Software တစ်ခုဖြစ်ပါသည်။ QGIS ၏ အားသာချက်တစ်ခုမှာ Cross-Platform Software ဖြစ်ခြင်းကြောင့် Windows, macOS နှင့် Linux Operating System များပေါ်တွင် အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။ ယခုစာအုပ်တွင် QGIS ကို အသုံးပြု၍ GIS Data ပြင်ဆင်ခြင်း၊ မြေပုံရေးဆွဲခြင်း၊ Spatial Analysis ပြုလုပ်ခြင်း၊ Geoprocessing Tools အသုံးပြုခြင်း၊ Surface Analysis ၊ Terrain ၊ Hydrological Analysis ၊ Satellite Remote Sensing ၊ Land Use/Land Cover Mapping စသည့် အကြောင်းအရာများကို အခြေခံမှစ၍ အဆင့်ဆင့် လေ့လာနိုင်ရန် စနစ်တကျ ထည့်သွင်းရေးသားထားပါသည်။
ထို့အပြင် စာအုပ်တွင် ပါဝင်သည့် သင်ခန်းစာများကို စာတွေ့သာမက လက်တွေ့တစ်ပါတည်း လိုက်လံလုပ်ဆောင်နိုင်ရန် လိုအပ်သော Spatial Data နှင့် လေ့ကျင့်ခန်း Data များကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ သင်ခန်းစာတစ်ခုချင်းစီကို ကိုယ်တိုင် QGIS တွင် လိုက်လံလုပ်ဆောင်ခြင်းဖြင့် GIS မြေပုံရေးဆွဲခြင်းနှင့် Spatial Data Analysis ဆိုင်ရာ လက်တွေ့ကျွမ်းကျင်မှုများကို တိုးတက်ရရှိနိုင်မည် ဖြစ်ပါသည်။ ယခုစာအုပ်သည် GIS ကို စတင်လေ့လာမည့် ကျောင်းသား၊ ကျောင်းသူများ အတွက်သာမက ဘူမိဗေဒ ၊ ပထဝီဝင် ၊ မြို့ပြစီမံကိန်း ၊ သစ်တော၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ Remote Sensing နှင့် Disaster Risk Reduction စသည့် နယ်ပယ်များတွင် GIS ကို အသုံးပြုနေသူများ၊ ဆရာ၊ ဆရာမများနှင့် လုပ်ငန်းခွင်တွင် GIS ကို လက်တွေ့အသုံးချလိုသူများအတွက်ပါ အသုံးဝင်သော လမ်းညွှန်စာအုပ်ဖြစ်ပါသည်။
Pre-order တင်ထားသူများ၏ Email များသို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့မှ စတင်၍ QGIS for Applied QGIS Mapping (E-book) နှင့် လေ့ကျင့်ခန်း Data များကို ပေးပို့သွားမည် ဖြစ်ပါသည်။ထို့အပြင် Pre-order တင်ထားသည့် ပထမဆုံး လူဦးရေ (၃၀) ဦး အတွက် GIS Mapping with QGIS (Basic Course) အွန်လိုင်းသင်တန်းကို အခမဲ့ (Free Access) တက်ရောက်ခွင့် ပေးထားပါသည်။
မာတိကာ
အခန်း (၁) – ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS) မိတ်ဆက်
အခန်း (၂) – GIS Data အမျိုးအစားများ
အခန်း (၃) – မြေပုံဆွဲပညာ (Cartography)
အခန်း (၄) – QGIS မိတ်ဆက်နှင့် စတင်အသုံးပြုခြင်း
အခန်း (၅) – Goereferencing
အခန်း (၆) – တည်နေရာဆိုင်ရာအချက်အလက်များ ဖန်တီးခြင်းနှင့် ပြင်ဆင်ခြင်း
အခန်း (၇) – Attribute ဇယားအချက်အလက်များ စီမံခန့်ခွဲခြင်း
အခန်း (၈) – အချက်အလက်များကို ရှာဖွေစစ်ထုတ်ခြင်း
အခန်း (၉) – Geoprocessing Tools
အခန်း (၁၀) – Surface Analysis ပြုလုပ်ခြင်း
အခန်း (၁၁) – Hydrological Analysis ပြုလုပ်ခြင်း
အခန်း (၁၂) – Site Suitability Analysis ပြုလုပ်ခြင်း
အခန်း (၁၂) – Land Use/Land Cover Mapping
အခန်း (၁၃) – Landslide Hazard Mapping
အခန်း (၁၄) –Spatial Database Concepts with PostGIS
Copyright © 2026 by Dr. Kaung Si Thu. All rights reserved.