Python for Geospatial Analysis & Remote Sensing

Categories: Google Colab, Python
Wishlist Share

About Course

Python for Geospatial Analysis & Remote Sensing သင်တန်းသည် Python programming နှင့် GIS / Remote Sensing ကို ပေါင်းစပ်အသုံးပြု၍ Geospatial data များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ မြေပုံများ ဖန်တီးခြင်း နှင့် Web-based geospatial applications များ တည်ဆောက်နိုင်ရန် ရည်ရွယ်သည့် သင်တန်းဖြစ်ပါသည်။ သင်တန်းတွင် Python အခြေခံမှ စတင်ကာ Geospatial libraries များဖြစ်သော GeoPandas, Rasterio, Matplotlib နှင့် Folium တို့ကို အသုံးပြုပြီး Shapefile, GeoJSON, GeoTIFF ကဲ့သို့သော GIS / Remote Sensing data များကို စီမံခန့်ခွဲခြင်းနှင့် spatial analysis ပြုလုပ်နည်းများကို လေ့လာရပါမည်။ ထို့အပြင် Satellite image များကို အသုံးပြုသည့် Remote Sensing analysis များ၊ NDVI နှင့် NDWI ကဲ့သို့သော spectral indices တွက်ချက်ခြင်း၊ DEM data များကို အသုံးပြု၍ terrain analysis ပြုလုပ်ခြင်းတို့ကိုလည်း လေ့လာရပါမည်။

သင်တန်း၏ နောက်ပိုင်းအပိုင်းတွင် Interactive Web Map များ ဖန်တီးခြင်း၊ Google Earth Engine Python API အသုံးပြု၍ cloud-based satellite data များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် Streamlit framework ကို အသုံးပြုကာ Geospatial Web Applications များ တည်ဆောက်နည်းများကို လေ့လာနိုင်မည်ဖြစ်ပါသည်။ သင်တန်းကို Google Colab environment တွင် လေ့လာသင်ယူမည်ဖြစ်ပြီး GIS နှင့် Remote Sensing data များကို Python ဖြင့် ကိုယ်တိုင် analysis ပြုလုပ်နိုင်ရန် လက်တွေ့လေ့ကျင့်ခန်းများ ပါဝင်ပါသည်။

ဤသင်တန်းသည် GIS / Remote Sensing ဖြင့် သုတေသနပြုလုပ်နေသူများ၊ Data analysis နှင့် mapping ကို Python ဖြင့် လုပ်ဆောင်လိုသူများ၊ Web GIS နှင့် geospatial application development ပိုင်းသို့ တိုးတက်လိုသူများအတွက် အထူးသင့်တော်ပါသည်။ သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသားများသည် geospatial data များကို Python ဖြင့် analysis ပြုလုပ်နိုင်ခြင်း၊ interactive maps ဖန်တီးနိုင်ခြင်းနှင့် geospatial web applications များ တည်ဆောက်နိုင်သည့် အရည်အချင်းများ ရရှိမည်ဖြစ်ပါသည်။

Show More

What Will You Learn?

  • Python programming အခြေခံများကို နားလည်ပြီး geospatial data analysis တွင် အသုံးပြုနိုင်ခြင်း
  • Shapefile, GeoJSON, GeoTIFF ကဲ့သို့သော GIS / Remote Sensing data formats များကို Python ဖြင့် စီမံခန့်ခွဲနိုင်ခြင်း
  • GeoPandas ကို အသုံးပြု၍ vector spatial analysis (buffer, clip, spatial join) ပြုလုပ်နိုင်ခြင်း
  • Rasterio ကို အသုံးပြု၍ raster datasets နှင့် satellite imagery များကို process လုပ်နိုင်ခြင်း
  • NDVI, NDWI ကဲ့သို့သော Remote Sensing indices များတွက်ချက်နိုင်ခြင်း
  • DEM data များကို အသုံးပြု၍ terrain analysis (slope, hillshade) ပြုလုပ်နိုင်ခြင်း
  • Folium library ဖြင့် interactive web maps ဖန်တီးနိုင်ခြင်း
  • Google Earth Engine Python API ဖြင့် satellite datasets များကို cloud-based analysis ပြုလုပ်နိုင်ခြင်း
  • Streamlit ကို အသုံးပြု၍ geospatial dashboards နှင့် web apps တည်ဆောက်နိုင်ခြင်း
  • Geospatial analysis project များကို freelance သို့မဟုတ် research work များတွင် အသုံးချနိုင်ခြင်း

Course Content

Lesson 1 : Introduction to Python

  • Introduction to Python
    04:03
  • Install Python
    05:10
  • Using Google Collab
    04:52
  • Variables
    04:57
  • Lab 1 – Assignment 1 – Variables
    06:32

Lesson 2 : Data types and Data structures in Python

Lesson 3 : Conditional Statements, Loops and Functions

Lesson 4 : Vector Data Mapping and Visualization

Lesson 5 : Raster Data Processing and Visualization

Lesson 6 : Interactive Mapping

Lesson 7 : Cloud-Based Remote Sensing with the GEE Python API

Module 8 : Geospatial App Development & Deployment

Student Ratings & Reviews

No Review Yet
No Review Yet