Python GIS Ebook

30,000 Ks

Description

ယခု စာအုပ်သည် GIS နယ်ပယ်တွင် Python Programming ဖြင့် GIS မြေပုံများဖန်တီးရေးဆွဲပြီး သဘာဝအန္တရာယ်ဆိုင်ရာ ဂြိုဟ်တုပုံရိပ်များ ခွဲခြမ်းစိတ်ဖြာနည်းများကို အသေးစိတ် ဖော်ပြထားသည့် လက်စွဲစာအုပ်ဖြစ်သည်။ သင်ခန်းစာများတွင် Python အခြေခံမှစ၍ GeoPandas, Rasterio, Matplotlib နှင့် Folium ကဲ့သို့သော အဆင့်မြင့် Geospatial libraries များကို အသုံးပြုပုံများကို အဆင့်ဆင့် လေ့လာရမည်ဖြစ်သည်။ Shapefile, GeoJSON, GeoTIFF စသည့် Data Format များကို စီမံခန့်ခွဲခြင်းနှင့် Spatial Analysis ပြုလုပ်ခြင်း၊ Satellite image များကို အသုံးပြု၍ NDVI, NDWI ကဲ့သို့သော Spectral indices များ တွက်ချက်ခြင်း၊ DEM data များကို အသုံးပြုပြီး မြေမျက်နှာသွင်ပြင် (Terrain analysis) ဆန်းစစ်ခြင်း၊ Interactive Web Map များ ဖန်တီးခြင်း၊ Google Earth Engine (GEE) Python API ဖြင့် Cloud-based satellite data များကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် Geospatial Web Applications တည်ဆောက်နည်းများကို အသေးစိတ် လေ့လာရပါမည်။

GIS / Remote Sensing နယ်ပယ်တွင် သုတေသနပြုလုပ်နေသူများ၊ Data analysis နှင့် Mapping လုပ်ဆောင်လိုသူများ၊ Web GIS နှင့် Geospatial application development ပိုင်းကို စတင်လေ့လာလိုသူများအတွက် ဤစာအုပ်သည် အထူးသင့်လျော်ပါသည်။ ဤစာအုပ်သည် သီအိုရီသက်သက်မဟုတ်ဘဲ Google Colab ပတ်ဝန်းကျင်တွင် လက်တွေ့လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းများဖြင့် ဖွဲ့စည်းထားသောကြောင့် သင်တန်းပြီးဆုံးချိန်တွင် Geospatial data များကို Python ဖြင့် အလိုအလျောက် ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ Interactive maps များ ဖန်တီးနိုင်ခြင်းနှင့် ကိုယ်ပိုင် Geospatial web applications များ တည်ဆောက်နိုင်သည့် အရည်အချင်းများ ရရှိလာမည်ဖြစ်သည်။ ယခုစာအုပ်သည် Python ကိုအသုံးပြု၍ ခေတ်မီ GIS နည်းပညာများကို လက်တွေ့အသုံးချလိုသူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော လမ်းညွှန်ချက်တစ်ခု ဖြစ်ပါသည်။

Reviews

There are no reviews yet.

Be the first to review “Python GIS Ebook”

Your email address will not be published. Required fields are marked *