မကြာသေးမီက မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုအခြေအနေများကို လေ့လာဆန်းစစ်ထားသည့် မြေပုံဖြစ်ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ရိုက်ကူးခဲ့သော Copernicus Sentinel-1 ရေဒါဂြိုဟ်တုပုံရိပ်ကို အခြေခံ၍ ရေးဆွဲထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ရခိုင်ပြည်နယ်ရှိ မြေပြန့်လွင်ပြင်များနှင့် စိုက်ပျိုးရေးဇုန်များတစ်လျှောက်တွင် ရေကြီးရေလျှံမှု အလွန်ဆိုးရွားစွာ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပြီး ခန့်မှန်းရေဖုံးလွှမ်းဧရိယာ (Estimated Flood Area) အနေဖြင့် ၁၁၂,၉၂၇ ဟက်တာခန့် ရှိမည်ဟု တွက်ချက်ရရှိထားပါသည်။ မုတ်သုံရာသီတွင် တိမ်ထူထပ်မှုများရှိသော်လည်း တိမ်ဖုံးလွှမ်းမှုဒဏ်ကို ဖောက်ထွင်းမြင်နိုင်သော ရေဒါ (SAR – C-band) ပုံရိပ်ကို အသုံးပြုထားခြင်းကြောင့် မြေပြင်ရှိ ရေဖုံးလွှမ်းမှုအခြေအနေအမှန်ကို တိကျစွာ မြင်တွေ့နိုင်ခြင်းဖြစ်ပါသည်။ ယခုဆန်းစစ်ချက်ကို Google Earth Engine ပေါ်တွင် ရေကြီးမှုမတိုင်မီနှင့် ရေကြီးပြီးနောက် ပုံရိပ်များကို နှိုင်းယှဉ်တွက်ချက်သည့်နည်းစနစ် (Change Detection workflow) ဖြင့် ထုတ်ယူထားခြင်းဖြစ်ပြီး၊ ဤအချက်အလက်များသည် မြေပြင်ရှိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။
Download Link – https://drive.google.com/file/d/1d1VxJYqwNF5-qiRZHLQSVrs4CVYPrQ9J/view?usp=sharing
Kaung Si Thu (Geomap)
