New Book : ArcGIS Pro ဖြင့် လက်တွေ့ GIS မြေပုံရေးဆွဲနည်း

ArcGIS Pro ဖြင့် လက်တွေ့ GIS မြေပုံရေးဆွဲနည်း (Applied GIS Mapping with ArcGIS Pro) စာအုပ်သည် ခေတ်သစ်ဒေတာခွဲခြမ်းစိတ်ဖြာမှုလောကတွင် မရှိမဖြစ်လိုအပ်လာသည့် Geographic Information System (GIS) နည်းပညာကို အခြေခံမှစ၍ ကျွမ်းကျင်အဆင့်ထိ တက်လှမ်းနိုင်ရန် စနစ်တကျ ရေးသားပြုစုထားသော စာအုပ်ဖြစ်ပါသည်။ ယနေ့ခေတ်၏ အဆင့်မြင့်ဆုံး ArcGIS Pro Software ကို အသုံးပြု၍ လက်တွေ့နယ်ပယ်တွင် မည်သို့အသုံးချရမည်ကို ရှင်းလင်းလွယ်ကူစွာ ဖော်ပြထားသောကြောင့် Geographic Information System (GIS) နည်းပညာကို စတင်လေ့လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက်သာမက ဘူမိဗေဒ၊ ပထဝီဝင်၊ မြို့ပြစီမံကိန်း၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် သင်ကြားရေး ဆရာ၊ ဆရာမများအတွက်ပါ အထောက်အပံ့ကောင်း ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ ထို့အပြင် မိမိတို့၏ လုပ်ငန်းခွင်မှ ရှုပ်ထွေးလှသော ကိန်းဂဏန်းဒေတာများကို ပိုမိုတိကျရှင်းလင်းပြီး ဆွဲဆောင်မှုရှိသော မြေပုံများအဖြစ် အသက်သွင်းပုံဖော်လိုသူတိုင်းအတွက် ဤစာအုပ်သည် အသိပညာသစ်များကို ဖြည့်ဆည်းပေးရုံသာမက လုပ်ငန်းခွင်အတွင်းစွမ်းဆောင်ရည်ကိုပါ နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်မည့် လမ်းညွှန်စာအုပ် ဖြစ်ပါသည်။

စာအုပ်တွင် ပါဝင်သော သင်ခန်းစာများကို စာတွေ့သာမက လက်တွေ့ပါ တပါတည်း လိုက်နာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော Spatial Data များကိုလည်း အပြည့်အစုံ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ Pre-order တင်ထားသူများ၏ Email များသို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃) ရက်နေ့မှ စတင်ကာ “Applied GIS Mapping with ArcGIS Pro” (E-book) နှင့် လေ့ကျင့်ခန်းဒေတာများကို ပေးပို့သွားမည် ဖြစ်ပါသည်။ Pre-order တင်ထားသည့် ပထမဆုံးလူဦးရေ (၂၀) ဦး အတွက် “Introduction to GIS Mapping with ArcGIS Pro (Basic Course)” အွန်လိုင်းသင်တန်းကို အခမဲ့ (Free Access) တက်ရောက်ခွင့်ပေးထားပါသည်။

Order မှာရန်

ငွေသွင်းရန်

Order မှာရန်အတွက် အောက်ပါအကောင့်များသို စာအုပ်တန်ဖိုး ၃၀၀၀၀ ကျပ် ငွေလွှဲပြီး မှာယူနိုင်ပါတယ်။ ငွေလွှဲနိုင်မည့် Bank Account များ Kaung Si Thu KBZ Pay – 09764888879 | Wave Pay – 09791195750 | AYA Pay – 09791195750
Drop your file here or click here to upload You can upload up to 1 files.

မာတိကာ

အခန်း (၁) – ပထဝီဝင်သတင်းအချက်အလက်စနစ် (GIS)

  • Google Map မလိုသည့် ဦးနှောက်ထဲက မြေပုံ
  • GIS ဆိုသည်မှာ အဘယ်နည်း
  • GIS ၏ အဓိပ္ပာယ်
  • တည်နေရာဆိုင်ရာ အချက်အလက်များ (Geospatial Data) နှင့် GIS

အခန်း (၂) – GIS ၏ အခြေခံဖွဲ့စည်းပုံနှင့် အသုံးပြုနိုင်သော ဆော့ဖ်ဝဲများ

  • Hardware လိုအပ်ချက်
  • Software လိုအပ်ချက်
  • အချက်အလက်များ (Data)
  • နည်းလမ်းများနှင့် စံသတ်မှတ်ချက်များ (Methods / Procedures)
  • အသုံးပြုသူများ (People)
  • ရွေးချယ်စရာ GIS Mapping Software အမျိုးအစားများ

အခန်း (၃) – GIS နဲ့ဘာတွေလုပ်နိုင်လဲ

  • ဂြိုဟ်တုပုံရိပ်များ (Satellite Images) ထည့်သွင်းကြည့်ရှုခြင်း
  • မြေပုံရေးဆွဲတင်ပြခြင်း (Mapping)
  • တိုင်းတာမှုများ (Measurement)
  • ပြောင်းလဲမှုများ စောင့်ကြည့်လေ့လာခြင်း (Monitoring Change)
  • သရုပ်ဖော်ကြည့်ခြင်း (Modeling)
  • ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း (Analysis)

အခန်း (၄) – Geospatial Data ဆိုသည်မှာ

  • Geospatial Data အမျိုးအစားများ 
  • Vector Data ၏ အခြေခံသဘောတရားများ 
  • Raster Data ၏ အခြေခံသဘောတရားများ 
  • Raster Resolution
  • Raster Attribute
  • Vector နှင့် Raster Data နှိုင်းယှဉ်ချက်
  • Attribute Data ၏ အရေးပါပုံ
  • GIS တွင် အသုံးများသော ဖိုင်အမျိုးအစားများ 

အခန်း (၅) – မြေပုံဆွဲပညာ (Cartography)

  • မြေပုံ၏ အဓိပ္ပာယ်နှင့် အခြေခံသဘောတရား (Definition of Maps)
  • မြေပုံအရိပ်ချစနစ်(Map Projections)
  • ကိုဩဒိနိတ်စနစ်များ (Coordinate Systems)
  • ဒေတမ်နှင့် စံသတ်မှတ်ချက်များ (Datums & Ellipsoids)
  • ရည်ညွှန်းမြေပုံများ (Reference Maps)
  • မြန်မာနိုင်ငံ၏ မြေနိမ့်မြင့်ပြမြေပုံ အမျိုးအစားများ
  • တစ်လက်မမြေပုံစနစ် (One-inch Topographic Maps)
  • UTM မြေပုံစနစ် (Universal Transverse Mercator)
  • အကြောင်းအရာအလိုက်မြေပုံများ (Thematic Maps)

အခန်း (၆) – ArcGIS Pro ကို စတင်အသုံးပြုခြင်း

  • ArcGIS Pro Software Download ရယူနည်း
  • ArcGIS Pro Software ထည့်သွင်းနည်း
  • Project အသစ်တစ်ခု ဖန်တီးခြင်း
  • တိုင်းတာမည့် ယူနစ်များ သတ်မှတ်ခြင်း
  • Ribbon နှင့် Panels များအကြောင်း (The Ribbon and Panels)
  • မြေပုံအသစ်တစ်ခု ဖန်တီးခြင်း

အခန်း (၇) – Georeferencing

  • Georeference မလုပ်ရသေးသော ဖိုင်များကို ထည့်သွင်းခြင်း
  • ကိုဩဒိနိတ်စနစ် ရွေးချယ်ခြင်း
  • Control Points များအသုံးပြု၍ Georeference ပြုလုပ်ခြင်း
  • Control Points မပါဘဲ Georeference ပြုလုပ်ခြင်း
  • Transformation နည်းလမ်းများ ရွေးချယ်ခြင်း
  • Georeference ပြုလုပ်ပြီးသော မြေပုံကို သိမ်းဆည်းခြင်း

အခန်း (၈) – တည်နေရာဆိုင်ရာအချက်အလက်များ ဖန်တီးခြင်းနှင့် ပြင်ဆင်ခြင်း (Creating and Editing Vector)

  • Vector Layer (Shapefiles) များ ဖန်တီးခြင်း
  • Points များ ရေးဆွဲပြင်ဆင်ခြင်း
  • Lines များ ရေးဆွဲပြင်ဆင်ခြင်း
  • Polygons များ ရေးဆွဲပြင်ဆင်ခြင်း

အခန်း (၉) – Attribute ဇယားအချက်အလက်များ စီမံခန့်ခွဲခြင်း (Attribute Table Management)

  • Attribute ဇယားအတွင်း Field အသစ်များ ဖန်တီးခြင်း
  • Field Name နှင့် Data Types (Text, Integer, Double) သတ်မှတ်ခြင်း။
  • Field များအတွင်း အချက်အလက်များ ထည့်သွင်းခြင်း
  • ဒေတာများကို Join လုပ်၍ ချိတ်ဆက်ခြင်း။
  • ဧရိယာ နှင့် အလျားများကို တွက်ချက်ခြင်း (Calculate Geometry)
  • XY Coordinates များ တွက်ချက်ခြင်း
  • Field Calculator သုံး၍ အချက်အလက်အသစ်များ တွက်ချက်ခြင်း

အခန်း (၁၀) – အချက်အလက်များကို ရှာဖွေစစ်ထုတ်ခြင်း (Queries in GIS)

  • Attribute Query (အချက်အလက်ကို အခြေခံ၍ ရှာဖွေခြင်း)
  • Spatial Query (တည်နေရာကို အခြေခံ၍ ရှာဖွေခြင်း)
  • Introduction to Query Expressions
  • Query Expression တစ်ခု၏ အခြေခံတည်ဆောက်ပုံ (Field, Operator, Value)
  • Construct a Query by Writing SQL Syntax
  • Logical Operators
  • Definition Query
  • Exporting Query Results

အခန်း (၁၁) – Geoprocessing Tools

  • သတ်မှတ်အကွာအဝေးအတွင်း ဧရိယာများ ဖန်တီးခြင်း (Buffer)
  • ထပ်တူကျသော ဧရိယာများကို ထုတ်ယူခြင်း (Intersect)
  • ဖြတ်ထုတ်ခြင်း (Clip)
  • အချက်အလက်များ ပေါင်းစည်းခြင်း (Merge)
  • နယ်နိမိတ်များ ပေါင်းစပ်ခြင်း (Dissolve)
  • ကိုဩဒိနိတ်စနစ် သတ်မှတ်ခြင်း (Define Projection)
  • ကိုဩဒိနိတ်စနစ် ပြောင်းလဲခြင်း (Reproject)

အခန်း (၁၂) – တည်နေရာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းမိတ်ဆက် (Introduction to Spatial Analysis)

  • တည်နေရာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း၏ အကျိုးကျေးဇူးများ 
  • တည်နေရာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းအမျိုးအစား (၆) မျိုး 
  • တည်နေရာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်း လုပ်ငန်းစဉ် (Spatial Analysis Workflow)
  • Surface Interpolation တွက်ချက်ခြင်း နည်းလမ်းများ
  • Rainfall map များဖန်တီးခြင်း
  • မြေပြင်အနေအထား လေ့လာဆန်းစစ်ခြင်း (Terrain Analysis)
  • Hydrological Analysis ပြုလုပ်ခြင်း
  • Distance & Proximity Analysis ပြုလုပ်ခြင်း
  • Raster Reclassification
  • Suitability Modeling ပြုလုပ်ခြင်း

အခန်း (၁၃) – ဂြိုဟ်တုပုံရိပ်များ ခွဲခြမ်းစိတ်ဖြာခြင်း (Satellite Image Analysis)

  • Basemap မှ ဂြိုဟ်တုပုံရိပ်များ ထည့်သွင်းကြည့်ရှုခြင်း
  • Landsat ပုံရိပ်များ ရှာဖွေဒေါင်းလုဒ်ရယူခြင်း (Downloading Landsat Images)
  • Sentinel-2 ပုံရိပ်များ ဒေါင်းလုဒ်ရယူခြင်း (Download images Sentinel 2)
  • ဂြိုဟ်တုပုံရိပ်များ ArcGIS Pro ထဲသို့ ထည့်သွင်းခြင်းနှင့် Band Combinations (Natural Color, False Color) များ ပြောင်းလဲကြည့်ရှုခြင်း
  • Band combinations for Agriculture and Geology
  • Normalized Difference Vegetation Index (NDVI) တန်ဖိုးတွက်ချက်ခြင်း
  • Fire Hotspot Analysis ပြုလုပ်ခြင်း

အခန်း (၁၄) – GeoAI မိတ်ဆက်

  • GeoAI နည်းပညာ
  • Artificial Intelligence (AI) နှင့် ပေါင်းစပ်အသုံးပြုခြင်း
  • ArcGIS Pro ရှိ အသင့်သုံး AI Models များ
  • Image Classification မိတ်ဆက်
  • Image Classification နည်းပညာ၏ သမိုင်းကြောင်း 
  • Image Classification နည်းလမ်းများ:
  • Unsupervised vs Supervised Classification
  • ArcGIS Pro Change Detection Wizard
  • Object-Based Image Analysis (OBIA)
  • Image Classification နည်းပညာမျာ: Machine Learning & Deep Learning
  • အားသာချက်နှင့် အားနည်းချက်များ (Technique Benefits and Limitations)

Copyright © 2026 by Dr. Kaung Si Thu. All rights reserved.